Never Say Die စာအုပ်ဟာ ၂၀ ရာစုခေတ် အာရှတိုက်ရဲ့ လူပြုတဲ့ အံ့ဩဘွယ်တွေထဲက တခု အကြောင်းကို ရေးသားထားပါတယ်။ မြန်မာပြည်ရဲ့ လူမိုက် ခေါင်းဆောင် လူကြမ်းကြီးအဖြစ်ကနေ ထူးခြားတဲ့ တရားဟောဆရာ၊ လူသား အကျိုးပြုသူ တယောက် ဖြစ်လာတဲ့ အကြောင်းပါ။

ဆေးသမား ဘဝ ဆေးရုံပေါ်မှာ သေခါနီး အခြေအနေကနေ ဘုရားသခင်က အံ့ဩဘွယ် ရောဂါ ပျောက်ကင်းသွားစေပြီးနောက်၊ ထောင်နဲ့ချီတဲ့ ဆေးသမား၊ မိဘမဲ့ကလေး၊ အနာကြီးရောဂါသည်၊ HIV-AIDS ဝေဒနာရှင်တွေရဲ့ ဖခင်တယောက်ဖြစ်လာတယ်။

ဒီဖြစ်ရပ်မှန် စာအုပ်က နှလုံးသားနဲ့ စိတ်ဝိညာဉ်ကို နိုးဆော်ပေးမှာ အမှန်ပါ။

……………………………………………………………………………………………………………..

စာရေးသူ Douglas Hsu ဟာ ANM ရဲ့ အယ်ဒီတာချုပ် ဖြစ်ခဲ့သူပါ။ Princeton University နဲ့ Denver Seminary မှာ ကျောင်းပြီးခဲ့သူ ဖြစ်တယ်။ ဇနီးသည် Indira နဲ့ ကလေး ၂ ယောက်နဲ့အတူ Richmond, Virginia မှာ နေထိုင်ပါတယ်။