What is God telling you to do today?
What is God telling you to do today?
Are you ready to have a quiet time with God?
Are you ready to have a quiet time with God?
Each new day is a blessing from God
Each new day is a blessing from God
သခင်ယေရှုလူ့လောကသို့လူ့ဇာတိခံမကြွလာခင်…နှစ်ပေါင်း တထောင့်လေးရာနှင့်ငါးဆယ့်ခြောက်နှစ်အချိန်တုန်းက…သိနာတောင်ပေါ်မှာမောရှေအားဖြင့်ဘုရားသခင်ကပညတ်တော်တွေကိုပေးခဲ့ပါတယ်။
မောရှေခေတ်ပြီး နှစ်ပေါင်းတထောင့်ငါးရာကျော်လောက်မှာ…
သခင်ယေရှုကတောင်ပေါ်ဒေသနာကိုယူဆောင်လာပေးပါတယ်။
ယနေ့ယုံကြည်သူတွေ…ကိုင်ဆွဲတဲ့ [မင်္ဂလာတရားတော်]ပဲဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဓီကို လူတိုင်းသိကြပါ
တယ်။သူနဲ့ပတ်သက်လို့ကြားဖူးတာက…သူက ခရစ်ယာန်တယောက်တော့
မဟုတ်ပေမဲ့…
သူ့ရဲ့တဘဝလုံး[လက်ဆွဲအိတ်ထဲမှာ [ဓမ္မသစ်ကျမ်း]ကို သွားလေရာရာ…
အမြဲသယ်ဆောင်ခဲ့တယ်ဆိုတာကို ကျနော်တို့သိရပါတယ်။
ကျနော်တို့ကော ဘာတွေသယ်ဆောင်နေကြပါသလဲ?
သခင်ယေရှုကို သယ်ဆောင်တဲ့ ကိုယ်ခန္ဓာဖြစ်ကြပါစေ။
မဟတ္တမဂန္ဓီက… မင်္ဂလာတရားတော်နှင့်အညီလက်တွေ့ကျကျ …
အသက်ရှင်သွားတဲ့ပုဂ္ဂ်ုလ်တယောက်လို့အများကလက်ခံထားခဲ့ကြပါတယ်။
သခင်ယေရှုသွန်သင်ခဲ့တဲ့မင်္ဂလာတရားတော်တွေဟာ …
သူတပါးအတွက်အကျိုးဖြစ်စေတယ် …သူတပါးအတွက်အလင်းဖြစ်စေပါတယ်…ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေတာကို ကျနော်တို့သိရှိရပါတယ်။
ဒါ့အပြင်…ကျနော်တို့ရဲ့နေ့စဉ်အသက်တာအထဲမှာ…မှန်ကန်စွာနှင့်အသက်ရှင်တတ်အောင် တွန်းအားပေးနေပါတယ် ၊ဘယ်လိုအသက်ရှင်ရမလဲဆိုတာကိုလည်းဖေါ်ပြပေးနေတဲ့ ဘုရားသခင်ရဲ့လုပ်ဆောင်ချက်ကျေးဇူးတော်တွေကို မင်္ဂလာတရားတော်တွေမှာ မြင်နိုင်ကြမှာပဲဖြစ်ပါတယ်။ကောင်းပါပြီ!!
ပညတ်တရားကိုလိုက်လျှောက်ဖို့ကြိုးစားလေလေ~စဉ်းစားလေလေ
မလိုက်လျှောက်နိုင်မှန်း……ပိုသိလေလေ
ပညတ်တရားကိုပိုသိလေလေ…အပြစ်သဘောကိုပိုသိလေလေ
အရမ်းကောင်းတဲ့ပညတ်တရားတောင်မှ…လိုက်လျှောက်တဲ့သူ [ကျနော်တို့]မကောင်းတဲ့အတွက်ကြောင့်…ဘာဖြစ်စေလဲ [သေခြင်းကိုဖြစ်စေပါတယ်]လို့…
ရောမ ၇ မှာ ပြောထားပါတယ်။
What is the role of the LAW?
The role of the Law is
to pointed us to CHRIST,
to take us to CHRIST,
ToLead us to CHRIST.
ရှင်မဿဲ၅:၁၇ မှာ ပြောပါတယ်…ကျနော်တို့ဖတ်ကြည့်ရအောင်…
သခင်ယေရှုကပြောပါတယ်~ပညတ္တိကျမ်း အနာဂတ္တိကျမ်း တွေကို…
ပယ်ဖျက်ဖို့ငါလာတာမဟုတ်ပါဘူး…ဘာအတွက်လဲ~[ပြည့်စုံစေဖို့]လာတာပါ …
တရားဟောရာကျမ်းကိုဖတ်ကြည့်ရင်…တွေ့ရမည့်အရာတွေကား…
ဘုရားသခင်ရဲ့စကားကို{နားထောင်ရင်}~သင်တို့ခံရမည့်[ကောင်းချီး]တွေ…
အများကြီးရှိနေပါတယ်။
~မြို့မှာနေရင် မြို့နဲ့ဆိုင်တဲ့ကောင်းချီး၊
~တောမှာဆိုရင် တောနှင့်ဆိုင်တဲ့ကောင်းချီး၊
~အလုပ်လုပ်ရင် အလုပ်နဲ့ဆိုင်တဲ့ကောင်းချီး၊သားသမီးနှင့်ဆိုင်တဲ့ကောင်းချီး၊
ရန်သူကတိုက်ခိုက်ဖို့ လမ်းတလမ်းတည်းနဲ့လာရင် ခုနှစ်လမ်းနဲ့ပြန်ထွက်ပြေးရလိမ့်မယ်၊
~အမြီးမဖြစ်စေဘူး ခေါင်းဖြစ်စေမယ်[ဒါက ခရစ်ယာန်တော်တော်များများကြိုက်ကြပါတယ်]
ဘုရားသခင်ရဲ့စကားကို {နားမထောင်ရင်}~ဟောဒီမှာ[ကျိန်ခြင်းအမင်္ဂလာ]ရှိတယ်နော်…
~မြို့မှာကျိန်ခြင်းအမင်္ဂလာ…တောမှာရှိလည်း အမင်္ဂလာ…အလုပ်လုပ်ရင်လည်း အမင်္ဂလာ…မွေးထားတဲ့သားသမီးတွေကလည်း အမင်္ဂလာတွေပဲခံစားရစေမယ်…စီးပွါးရေး ဘာတခုမှမလုပ်နိုင်အောင် အမင်္ဂလာ…ရန်သူရှေ့မှာ အမြဲတမ်းထွက်ပြေးနေရလိမ့်မယ်…
အသက်ရှိသရွေ့ ငိုကျွေးခြင်း ပင်ပန်းခြင်း ငြီးတွားခြင်းတွေနဲ့ပဲ အသက်ရှင်နေရလိမ့်မယ်…
ညီအကိုမောင်နှမတို့ရေ
သခင်ယေရှုလောကကိုကြွလာရခြင်းသည်…ဘုရားစကားကိုနားထောင်ဖို့ရောက်လာရတာပါ။
အဲ့လို သခင်ယေရှု၏[နားထောင်ခြင်းကြောင့်]ကျနော်တို့က ~သခင်ယေရှုနှင့်ဆိုင်တဲ့[ကောင်းချီးမင်္ဂလာ]တွေကို ခံစားရရှိနေခြင်းဖြစ်ပါတယ်။
…ဘယ်နည်းနဲ့ခံစားရရှိတာလည်းဆိုရင်{ယုံကြည်ခြင်းအားဖြင့်သာ}ခံစားရရှိခြင်းဖြစ်ပါတယ်။
ဟေဗြဲ၅:၈-၉ သေသေချာချာဖတ်ကြည့်စေချင်ပါတယ်။
မောရှေအားဖြင့်ရတဲ့ပညတ်က~လူ့အသက်ကိုမသတ်ရပါဘူး…
သခင်ယေရှုရဲ့ပညတ်ကတော့…သတ်ဖို့မပြောနဲ့ အမျက်ထွက်တာတွေ ကျိန်ဆဲတာတွေ ကဲ့ရဲ့တာတွေတောင်မလုပ်ရဘူး။ကျနော်တို့စိတ်ထဲမှာ~သတ်ချင်ဖြတ်ချင်တဲ့စိတ်တွေရှိကြပါတယ်…အနည်းဆုံးတော့စိတ်ဆိုးတတ်ကြပါတယ်။မုန်းတီးမှုတွေ မကျေနပ်မှုတွေနဲ့ ပြည့်နေပါတယ်။
သခင်ယေရှုရဲ့ ပညတ်ကတော့~မုန်းကိုမမုန်းရဘူး…အမျက်ကိုမထွက်ရဘူး…
မကဲ့ရဲ့ရဘူး…မကျိန်ဆဲရဘူး…
မောရှေရဲ့ပညတ်ကတော့ သူ့မယားကိုမပြစ်မှားရဘူးလို့ပြောပါတယ်
~[ထိန်းချုပ်ထားပေါ့]လို့ဆိုပါတယ်။
သခင်ယေရှုရဲ့ပညတ်ကတော့ ~တော်တော်ပြင်းထန်ပါတယ် …
ကိလေသာစိတ်နဲ့တောင် [မကြည့်ပါနဲ့တဲ့…]
ရှိပါသေးတယ် ကျနော်တို့နဲ့ ဝါသနာတူချင်း အကျင့်တူချင်း အကြိုက်တူချင်းဆိုရင် …ချစ်တတ်ကြပါတယ်။
ဓမ္မဟောင်းပညတ်နဲ့ပြောမယ်ဆိုရင် ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ပါ~
ရန်သူဖြစ်သွားရင်တော့မချစ်ကြနဲ့တော့…။
တခါတလေကိုယ်သိပ်ချစ်တဲ့သူတွေက ကိုယ်ရဲ့ရန်သူတောင်ဖြစ်သွားနိုင်ပါသေးတယ်။
ကျနော်တို့စဉ်းစားကြည့်ရင်~ဘာပြောချင်တာလဲဆိုရင်…
မောရှေရဲ့ပညတ်တွေကိုတောင်…မနည်းကြိုးစားပြီးစောင့်ထိန်းရပါတယ်ဆိုရင်…
သခင်ယေရှုရဲ့ပညတ်ကြတော့ အဲ့ဒီထက် အများကြီး မြှင့်သွားတဲ့အတွက်…
သေချာတာတခုက ~မင်းတို့[လုံးဝမလုပ်နိုင်ပါဘူး]လို့ပြောခြင်းဖြစ်ပါတယ်။သို့သော်~
သခင်ယေရှုက တကယ်လုပ်ခဲ့ပါတယ်။
ကျမ်းစာကိုကြည့် ~သခင်ယေရှုကိုကြည့် ဘယ်နေရာမှမကွာပါဘူး [အတူတူပါပဲ]
ကျမ်းစာကိုကြည့် ကျနော့်ကိုကြည့် [မကိုက်ပါဘူး]
ကျမ်းစာကိုကြည့် ကိုယ့်ကိုယ်ကိုကြည့်[မတူနိုင်ပါဘူး]
သခင်ယေရှုက ကျနော်တို့အတွက် …အသစ်ကို…ယူဆောင်လာပေးခဲ့ပါတယ်။
အသစ်ဘယ်လောက်ကောင်းကောင်း…အဟောင်းတလည်လည် လုပ်လို့မရပါဘူး။အဟောင်းစိတ်နဲ့ အသစ်ကို၊မရရှိနိုင်ပါဘူးလို့ပြောပါတယ်။စပျစ်ရည်ဘူးအဟောင်းထဲ…အသစ်သောစပျစ်ရည် မထည့်နိုင်ပါဘူး။
အသစ်ဆိုတာ ပဋိညာဉ်တရားအသစ်…ကျေးဇူးတရား ဖြစ်ပါတယ်။
မုန်းစိတ်နဲ့ကြည့်ရုံနဲ့၊တပ်မက်တဲ့စိတ်နဲ့ကြည့်ရုံလေးနဲ့…
တကယ်ကျူးလွန်တဲ့အတိုင်းပါပဲလို့ သခင်ကပြောပါတယ်။
နှုတ်…ကတကယ်ပြောမိမှ
လက်…ကတကယ်လုပ်မိမှ
အပြစ်မြည်ပါတယ်။အဲဒါ ဓမ္မဟောင်းတရားပါ။တရားအဟောင်းပါ။
နှုတ်က…မပြောခင်
လက်က…မလုပ်ခင်
စိတ်ထဲကြံရုံနဲ့အပြစ်ဖြစ်ရပါတယ်။အဲဒါဓမ္မသစ်တရားပါ။
ကျနော်တို့က ဘယ်တရားအထဲမှာလဲ?
အပြစ်တရားဆိုတာ…ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းကို ဖျက်ဆီးတဲ့အရာဖြစ်ပါတယ်။
ပညတ်တော်ဆိုတာ…ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းစံချိန်ကိုဖေါ်ပြတဲ့အရာဖြစ်ပါတယ်။
ပညတ်တရားဆိုတာ…ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းစံချိန်ကို မှီအောင် ကိုယ်တိုင်လိုက်
လျှောက်ကျင့်ကြံရတဲ့အရာဖြစ်ပါတယ်။
ဧဝံဂေလိတရားဆိုတာ…ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းစံချိန်ကိုမှီအောင် ဘုရားသခင်ကလုပ်ဆောင်ပေးတဲ့အရာဖြစ်ပါတယ်။
ဘုရားလုပ်ပေးထားတဲ့အရာအားလုံးကို …ကျေးဇူးတော်လို့ခေါ်ပါတယ်။
သခင်ယေရှုကပြောပါတယ်~ပညတ္တိကျမ်း အနာဂတ္တိကျမ်း တွေကို …
ပယ်ဖျက်ဖို့ငါလာတာမဟုတ်ပါဘူး…ဘာအတွက်လဲ~[ပြည့်စုံစေဖို့]လာတာပါ …
ဟဗှေဲ၂:၁၈။၄:၁၅။၅:၈-၉။မ၅:၁၇။
ရှင်ပေါလုက ဂလာတိ၅:၁၈ မှာ ဝိညာဉ်ပကတိအလိုသို့လိုက်လျင်…ပညတ်တရားနှင့်လွတ်ကြ၏ လို့ပြောပါတယ်။ကျနော်တို့က UNDER THE LAW ပညတ်တရားရဲ့အောက်မှာမရှိကြတော့ပါဘူး…ကျေးဇူးတရားအောက်ရောက်သွားလို့ပဲဖြစ်ပါတယ်။
ONLY THROUGH JESUS CHRIST YOU CAN FULFILL THE LAW OF GOD.
ဒါကို~သေသေချာချာ ရှင်းရှင်းလင်းလင်း…
နားလည်သဘောပေါက်ဖို့ ဘုရားသခင်ဆက်လက်သွန်သင်ဖွင့်ပြအလင်းပေးပါစေ။
Kingdom of Priests & A Holy Nation {အပိုင်း6}ဖြစ်ပါတယ်။
အချိန်ရရင် အပိုင်းတပိုင်းချင်းစီကို သွားရောက်လည်ပတ်နိုင်ပါတယ်။